(၁၁-၅-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ဈေးကော်မတီတို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးရှိ ဆေးဆိုင် (၁၄) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆေးဆိုင် (၁၄) ဆိုင်တွင် တရားမဝင် ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသောဆေးဝါးများ၊ စပ်ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများအား ရောင်းချခြင်းမပြုရန် ဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)