သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာရှိ ဓမ္မာရုံတွင် ပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေးအတွက် “စားသုံးသူအခွင့်အရေးဦးစားပေး”ဟူသော ခေါင်းစဉ်ဖြင့် ပြည်သူများသိရှိနိုင်ရန် အသိပညာပေးဟောပြောခဲ့ကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ( Community Center)ခန်းမ၌ (၁၀.၅.၂၀၂၃) ရက်နေ့ ၊ နေ့လယ် ( ၁၃ : ၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို လစဉ်စီမံချက်များ ပြည့်မီအောင်ဆောင်ရွက်လျက်ရှိရာ (၉.၅.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီချိန်တွင် မုံရွာမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြု လုပ်သည့် “လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း”တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးဝမြို့တွင် ( ၁၀.၅.၂၀၂၃ ) ရက်နေ့ ၊နံနက်(၁၀:၃၀)နာရီအချိန်၌ ကလေးဝမြို့နယ်တာဝန်ခံ ဉီးကျော်ကျော်မိုးမှ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဉီးစီးဌာနသို့ သွားရောက်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်းဌာနတာဝန်ခံ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၂-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ထုံးအိုင်စံပြကျေးရွာရှိ ဆန်တန်(၆၀)ကျ အောင်ဆန်းငွေလာဆန်စက်သို့သွားရောက်၍ စပါး/ဆန်ဈေးနှုန်း/ဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရပါသည်။