Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 May 2023

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် (၂၃-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၃:၀၀) နာရီအချိန်တွင် အေးချမ်းသာ (၁)လမ်း၊ အမှတ်(၅) ရပ်ကွက်၊ ဘားအံမြို့ရှိ ရတနာရွှေပြည် သောက်ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

24 May 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် (၂၃-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စံပြလမ်းနှင့် မဟူရာလမ်းထောင့်၊ အမှတ်(၆) ရပ်ကွက်၊ ဘားအံမြို့ရှိ “စေတနာ” သောက်ရေသန့်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ (၂/၂၀၁၉) နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ တို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

24 May 2023

    (၁၅.၅.၂၀၂၃)ရက်နေ့ ၊နံနက်(၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

24 May 2023

         မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေသည် (၁၈.၅.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေနံချောင်းမြို့၊ ငွေဘုံသာရပ်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးရန် မသင့်သည့် တားမြစ်ထားသော စား‌သောက်ကုန်များနှင့်ဆေးဝါးများအား ဒေသခံပြည်သူများ သိရှိစေရန်၊ စားသောက်ကုန်များကို ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးအသိ၊ သတိဖြင့် မှန်ကန်စွာရွေးချယ်ဝယ်ယူနိုင်စေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ် အသားများအကြောင်း အသိပညာပေးဟောပြေ

24 May 2023

         မကွေးမြို့ ကုန်စည်ဒိုင်နှင့်ပွဲရုံများသို့ ဧရာဝတီမြစ် အနောက်ဘက်ကမ်း မင်းဘူး(စကု)၊ ပွင့်ဖြူမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့မှ ရေသွင်းနှမ်းနှင့် မကွေးနယ်မှ တောင်သူများ၏ လက်ဝယ်သိုလှောင်ထားသည့် နှမ်းများ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မကွေးကုန်စည်ဒိုင်၌ (၁၅.၅.၂၀၂၃)မှ (၁၉.၅.၂၀၂၃) ရက်နေ့ အတွင်းနှမ်းနက်စမုံ (၁၅) ပိဿာ (၁)တင်းလျှင် ကျပ်(၂၈၀၀၀၀မှ ၂၈၃၀၀၀)၊ နှမ်းနက်(ရိုးရိုး) (၁၅) ပိဿာ (၁)တင်းလျှင် ကျပ် (၂၆၅၀၀၀မှ ၂၇၀၀၀၀)၊ နှမ်းဖြူ (၁၅) ပိဿာ (၁)တင်းလျှင် ကျပ်(၃၁၅၀၀၀မ

Pages