သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ် တာဝန်ခံသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁၅.၅.၂၀၂၃)ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ အလှကုန်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချနေသောကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ညွှန်ကြားချက်များအားလိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် (၁၇.၅.၂၀၂၃) ရက်နေ့ ၊နံနက် (၁၁:၀၀) နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဗိုလ်ချုပ်ဈေးရှိ ကုန်မျိုးစုံနှင့်မုန့်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒု-ခရိုင် ဦးစီးမှူးသည် (၁၅.၅.၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်အတွင်းရှိ စတိုးဆိုင်နှင့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၊ ရှမ်းမြောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် (၁၅.၅.၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင် သာပေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ (၁၇.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ်၊မြို့မဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။