သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၃.၃. ၂၀၂၃)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီတွင် မြောင်းမြမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးရုံးခန်းမ၌ ကဗျာရေးစပ်နည်း သင်တန်းတက်ရောက်နေသော သင်တန်းသူ/ သင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၂၁.၃.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် မြို့ပေါ်ရပ်ကွက်ရှိ မော်တော် ဆိုင်ကယ်အရောင်းဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် (၂၁.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့မရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀.၃.၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကွင်းကောက်မြို့ရှိ စတိုးဆိုင်များနှင့် အိမ်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တာဝန်ခံရုံး၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၂၁-၃-၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ငါန်းဇွန်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။