သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပုသိမ်မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်က စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကို (၂၈-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူးဒေါ်လဲ့လဲ့ဆန်းနှင့် ဝန်ထမ်းများသည် (၂၄-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ ရွှေညီကိုကားကြီးဂိတ်တွင် စားသုံးသူအသိပညာပေးဟောပြောမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် (၂၄-၃-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ဒေးဒရဲမြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးကျော်ညွှန့်နှင့် တွေ့ဆုံခဲ့ပါသည်။
ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ မတ်လ(၂၄)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီခွဲအချိန်တွင် ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးအသိပညာပေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၂၈-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်မှ နံနက် (၁၁:၃၀) နာရီအချိန်ထိ ဝိုင်းမော်မြို့၊ ရပ်ကွက်(၃)တွင် လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။