Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
31 Mar 2023

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် ခရိုင်ဦးစီးမှူး‌ဒေါ်သန်းသန်းတင်ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၂.၃.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ SPCနှင့် ရွှေဗျိုင်းဖ

31 Mar 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်( ဒု-ဦးစီးမှူး) သည် ( ၂၈.၃.၂၀၂၃ ) ရက်နေ့၊ နံနက် (၁၀:၀၀ ) နာရီအချိန်တွင် ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသည့် ကုန်စုံဆိုင် ( ၂ ) ဆိုင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြသည့် ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

31 Mar 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀-၃-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

31 Mar 2023

      ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို (၃၀-၃-၂၀၂၃) ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဒေါက်တာဦးအောင်မြင့်ဟန်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

31 Mar 2023

     ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ ဇလွန်-ရန်ကုန် ကားလမ်းမစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့မှူးဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် (၃၀-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များသယ်ယူပို့ဆောင်မှုများမရှိစေရန် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages