Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Apr 2023

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၄-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချနေသောကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိတို့အား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

06 Apr 2023

   (၃-၄-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊  မြို့နယ်စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်(၁၁)ဆိုင်အား စံမညီဆေးများနှင့် တားမြစ်ထားသောဆေးဝါးများရောင်းချမှုမရ

06 Apr 2023

   စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ (၃-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်ရှိ မိဘမဲ့ရေရှင်းဘုန်းတော်ကြီးစာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

06 Apr 2023

    (၄-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ထားဝယ်မြို့၊ မြို့မစျေးကြီး၊ စျေးခေါင်းရုံးခန်းမတွင် စျေးသူ/စျေးသားများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

05 Apr 2023

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးသည် လားရှိုးမြို့တွင် (၂၁-၃-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းစုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ပါသည်။

Pages