သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ( ၃၀.၃.၂၀၂၃ ) ရက်နေ့တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ( ၂/၂၀၂၃ ) ကြိမ်မြောက် Tursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပြုလုပ်ရာတွင် ကလေးခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်း ( ၇ )ဦး တက်ရောက်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် (၄.၄.၂၀၂၃)ရက်နေ့ နံနက်(၀၉:၄၅)နာရီအချိန်တွင် ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရွှေဝါဝင်းစက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသောဆောင်ပုဒ်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူများအား မိမိတို့ရသင့် ရထိုက်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာမှုများနှင့် ပတ်သက်၍ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်မည့်နည်းလမ်းများကို သိရှိကြစေရန် စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ကာ ဆွေးနွေးဟောပြောခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအ
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း ဈေးဆိုင်များတွင် ရောင်းချနေသောစားသောက်ကုန်ပစ္စည်းများအား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူစားသုံးနိုင်ရေး ကုန်ပစ္စည်းများပေါ်၌ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြ ထားသောကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်