သတင်းနှင့် လှုပ်ရှားမှုများ
၃၁.၃.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်း(၃၆) ဦး တက်ရောက်ခဲ့ကြသည်။
၃.၄.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် အသစ်ခန့်အပ်သော အငယ်တန်းစာရေးဝန်ထမ်း (၄)ဦးအား ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်ရှင်းလင်းခဲ့သည်။
ပြည်နယ်ဦးစီးမှူးမှ ဝန်ထမ်းများအား စီးပွား/ကူးသန်း၏ဆောင်ပုဒ်၊ Vision၊ Mission၊ ကုန်သွယ်မှုမူဝါဒများ၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ Vision၊ Mission၊ ဌာန၏ မူဝါဒများ၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းများကို ရှင်းလင်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် အသိပညာပေးဟောပြော ပွဲများ ဆောင်ရွက်လျက်ရှိရာ “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆန်စက်လုပ်ငန်းရှင် များအား ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် (၃.၄.၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီ အချိန်တွင် ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များ နှင့် စက်ရုံအတွင်းရှိ အလုပ် သမားများအား ကျွန်းလှမြို့ပေါ်ရှိ “ပေါ်ဦး” သောက်ရေသန့်စက်ရုံ သို့ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ဒုတိယ ဦးစီးမှူး ဦ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့ နယ်တာဝန်ခံရုံး အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဧပြီလ(၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ CHERRY MART ကုန်စုံဆိုင်အား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယ ဦးစီးမှူး ဦးအောင်မျိုးသန့်၊ မြို့နယ်စည