သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် တောင်ငူမြို့နယ် တာဝန်ခံ ဦးမြင့်သူတို့သည် (၅.၄.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ နတ်သျှင်နောင်ရပ်ကွက်ရှိ မြတ်မုန့်မျိုးစုံ လုပ်ငန်းသို့ သွားရောက်၍ ထုတ်လုပ်သူ ဦးမြတ်သီဟနှင့် တွေ့ဆုံဆွေးနွေးပြီး ထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တာဝန်ခံဦးဇော်ဇော်ထွေးသည် (၅.၄.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တွဲဘက်တာဝန်ထမ်းဆောင်နေသော ဂန့်ဂေါခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေး အတွက်ရည်ရွယ်၍ (၄.၄.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ် ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များမှာ ထုတ်ကု
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်သကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင်နှင့် စစ်ဆေးရေးအရာရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဦးမင်းဇော်တို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင် ဦးစီးမှူးရုံးမှ ကျန်းမာရေးကြီးကြပ်-၁ ဦးမိုးကျော်သူ၊ တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ (၄.၄.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့ ခရိုင်ပြည်သူ့ဆေ