သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ ၂/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ၃၀.၃.၂၀၂၃ ရက်နေ့ မွန်းလွဲ ၁၄:၀၀ နာရီတွင် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာကော်တီ ဒု-ဥက္ကဋ္ဌ သယံဇာတဝန်ကြီး ဦးအုန်းမြင့်က အဖွင့်အမှာစကားပြောကြား၍ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်က လက်ရှိစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ကော်မတီသို့ တင်ပြမည့်အမှာစာ ၁၃ စောင်အား ရှင်းလင်း ဖတ်ကြ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် (၃.၄.၂၀၂၃) ရက်နေ့တွင် ပန်းတနော်မြို့နယ် ကောင်းမြတ်ချမ်းသာ ဆီစက်လုပ်ငန်းသို့ (၁၁:၀၀)အချိန်တွင် သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲအား မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)ခန်းမ၌ ၇.၄.၂၀၂၃ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ
အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအောက်ရှိ အထောက်အကူပြု လုပ်ငန်းအဖွဲ့ (၄) ဖွဲ့အနက် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက်ရှိသည့် လုပ်ငန်းအဖွဲ့(၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၆-၄-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၄.၄.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းနှင့် မော်လမြိုင်မြို့နယ်ရှိ ဘဲကုန်းဈေးနှင့် အုံးတော တို့တွင်လည်းကောင်း၊ ၅.၄.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် မြို့သစ် (မုတ္တမ)၊ မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာ၊ မော်လမြိုင်မြို့နယ် မြိုင်သာယာရပ်ကွက်တို့တွင်လည်းကောင်း၊ ၆.၄.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ် ကျောက်တံတား (မုတ္တမ)၊ မော်လမြိုင်မြို့နယ် သာယာကုန်းရပ်ကွက်၊ လှိုင် (ရွှေပြည်စိုး)ရပ်ကွက်တို့တွင် လည်းကောင်း၊ ၇.၄.၂၀၂၃ ရက်နေ့