Main menu

စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

Powered by Drupal

      အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအောက်ရှိ အထောက်အကူပြု လုပ်ငန်းအဖွဲ့ (၄) ဖွဲ့အနက် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက်ရှိသည့် လုပ်ငန်းအဖွဲ့(၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၆-၄-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်များဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ (၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က Article 5.3: Test Procedures အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပင်လယ်ရေကြောင်းအကောက်ခွန်အက် ဥပဒေပုဒ်မ ၂၀၄ (ခ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြုစုထားသည့် “ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်း၏ ပထမအကြိမ် စမ်းသပ်စစ်‌ဆေးမှုရလဒ်အပေါ် ဒုတိယအကြိမ်စမ်းသပ်စစ်ဆေးခွင့်ပြုသည့်အမိန့်” (မူကြမ်း)အပေါ် အပြီးသတ်ဆွေးနွေးအတည်ပြုကြရန်၊ ဆွေးနွေးချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်ထားသည့်အမိန့် (မူကြမ်း)အား ဥပဒေရေးရာအကြံပြုချက်များမြန်ဆန်စွာရရှိနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် ဥပဒေရေးရာဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံ ရန်နှင့် ၎င်းအမိန့်အား အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ (၄) အဖွဲ့ဝင်များမှ အမိန့် (မူကြမ်း)အပေါ် ဥပဒေပိုင်းဆိုင်ရာ ရှုထောင့်၊ ဘာသာရပ်ဆိုင်ရာရှုထောင့်များမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ITQM)