Main menu

ညောင်တုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

           ဧရာဝတီဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့  အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲကို ၂၄-၆-၂၀၂၅ ရက်နေ့ နံနက် ( ၁၀:၁၅ ) နာရီအချိန်က ကျင်းပခဲ့သည်။

            အခန်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ကလူတို့၏ အသက်ရှင်ရေး၊  သက်ရှည်ကျန်းမာရေးအတွက် အစာအာဟာရသည် မရှိမဖြစ်သောအရာဖြစ်ကြောင်း၊ အစားအသောက်သန့်ရှင်းရေးနှင့် ရောဂါပိုးမွှားကင်းစင်ရေး၊နေ့စဉ်စားသုံးသော အစာအာဟာရများမှာ ခွန်အားဖြည့်တင်း၍ ကျန်းမာရေးနှင့် ညီညွတ်သင့်ကြောင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် မိဘများအနေဖြင့် မိမိတို့၏သားသမီးများကို အာဟာရ ပြည့်ဝစွာ စနစ် တကျစီမံချက်ပြုတ် ကျွေးမွေးသင့်ကြောင်း၊ ဗီတာမင်ပြည့်ဝသော အစားအစာ များနှင့်တွဲဖက်၍ မစားသုံးသင့်သော အစားအစာများအကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိက စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ၂၀၁၉ ဥပဒေပါစားသုံးသူများ၏ အခွင့်အရေးများအကြောင်းနှင့်ပြည်သူများအနေဖြင့် အစားအသောက်ကုန်ပစ္စည်းများကို လွတ်လပ်စွာဝယ်ယူသုံးစွဲရေး၊ ဘေးဥပါဒ်မဖြစ်ပေါ်စေရေး၊ စားသုံးရန်သင့်/ မသင့်အစားအစာများ သိရှိလိုက်နာရေး စသည့်အသိပညာပေးဆောင်ရွက်မှုလုပ်ငန်းများ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင်မိမိတို့၏ အခွင့်အရေးများသိရှိထားရေး လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့်အချက်များ၊ ဌာနမှ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ အား အသိပညာပေးပြောကြားခဲ့ အသင်းအဖွဲ့နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူ (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)