သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် (၂၃.၃.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက် အကူပြု Thursday Talk အသိပညာပေးဟောပြော ဆွေးနွေး ပွဲကိုပြုလုပ်ရာ ဝန်ထမ်း(၂၀)ဦး တက်ရောက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ပူးပေါင်းကျင်းပသော ဆန်စပါးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ အများပြည်သူထံ သဘောထားရယူဆွေးနွေးသည့်ဆွေးနွေးပွဲကို (၂၈-၃-၂၀၂၃) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ Hotel KS ၌ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးဟန်ဝင်းကျော်နှင့်အရာထမ်းများ၊ ပြည်နယ်အဆင
၂၀၂၃ခုနှစ်၊ မတ်လ ၃၁ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ဒု-ကြီးကြပ်ရေးမှူး)နှင့် အဖွဲ့သည်(၂၈.၃.၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မင်းဘူးမြို့အမှတ်(၃)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်(၇)ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။<
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တာဝန်ခံသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်မင်းဘူးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဖြစ်သည့် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာထည့်သွင်းဖော်ပြနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ဆွေးနွေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။