သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုး၊ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများ အဖွဲ့သည် (၂၁.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ် လျက်ရှိသော နို့ကြက်ဥလျှာပေါ်စိမ့်၊ ရှမ်းကောက်ညှင်းပဲပုပ်ကြော်၊ ကြက်သွန်ကြော်၊ ဇီးလုပ်ငန်းများ သို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) ၊ အခန်း(၁၈
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံး၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်အတွင်းရှိ အလှကုန်ဆိုင်( ၂ )ဆိုင်အား ( ၂၂-၃-၂၀၂၃ ) ရက်နေ့၊ နံနက် ( ၉: ၃၀ ) နာရီအချိန်တွင် ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်း( ၂ )ဦးတို့သည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၂-၃-၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ်၊ ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းဘေးရှိ ကြယ်တံခွန်ဆန်စက်သို့သွားရောက်၍ ဆန်စက်ပိုင်ရှင် ဒေါ်နော်သာဝါးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄-၃-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃-၃-၂၀၂၃) ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့ပေါ်ရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။