Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Mar 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ ဦးသိန်းအောင်(ကြီး/ရေး)၊ ဒေါ်ထားမဲင်းဇိန် (ရုံးအကူ)နှင့် မြို့နယ်စည်ပင်သာယာအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်းအင်ဂျင်နီယာ)တို့သည် ၂၀၂၃ခုနှစ်၊ မတ်လ ၂၃ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

24 Mar 2023

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ မြို့နယ်ဦးစီးမှူးသည် ကြီးနီစံပြကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ (၁၈-၃-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက ကျင်းပသော ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများဟောပြောပွဲ၌  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ပါသည်။

24 Mar 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပြုစုရေးဆွဲထားသည့် ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ရွှေနန်းတော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအ

24 Mar 2023

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက် လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

24 Mar 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ ခုနှစ် ၊ မတ်လ(၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ မုန့်တီဖတ်လုပ်ငန်းရှင်နှင့် သွားရောက်၍ တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages