သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တောင်ပိုင်း၊သန်လျင်ခရိုင်နှင့်တွံတေးခရိုင် မြို့နယ်အတွင်းရှိ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ထောက်ခံချက်ပါရှိသောဆေးဝါးများရောင်းချနေခြင်းရှိ/မရှိ ကို သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ ၊စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများနှင့် အခြားမိတ်ဖက်ဌာနမှ ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့များသည် သန်လျင်ခရိုင်နှင့်တွံတေးခရိုင် မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်(၂၈)ဆိုင်အား ၂၀၂၃ခုနှစ်၊ မတ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့် ဝန်ထမ်းများသည် (၂၁.၃.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၀၀)နာရီတွင် အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/မရှိကို နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
Towards Ultimate Company Limited က ဂျာမဏီနိုင်ငံထုတ် parbisure IV/ HV Injection အကြောအားဆေးအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိကြောင်းနှင့် ယခုအခါ စျေးကွက်အတွင်း အဆိုပါဆေးနှင့် Composition & Strength ဟူ၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No.
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ (၂၀.၃.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီက အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူလူငယ်လူထုများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၂၀.၃.၂၀၂၃)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။