Main menu

မကွေး/ချောက်ခရိုင်အတွင်းရှိ မြို့နယ်တာဝန်ခံများသည် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုဆောင်ရွက်

Powered by Drupal

   Towards Ultimate Company Limited က ဂျာမဏီနိုင်ငံထုတ် parbisure IV/ HV Injection အကြောအားဆေးအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိကြောင်းနှင့် ယခုအခါ စျေးကွက်အတွင်း အဆိုပါဆေးနှင့် Composition & Strength ဟူ၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသည့် Parbisure အမည်ဖြင့် ဆေးဝါးများရောင်းချနေသည့်အတွက် စားသုံးသူများနစ်နာနိုင်ပါသဖြင့် စျေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးရန် တိုင်းဒေသကြီးဦးစီးမှူးက လမ်းညွှန်မှုပြုခဲ့ပါသည်။

    သို့ဖြစ်ပါ၍ စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသည့်  Parbisure အမည်ဖြင့် ဆေးဝါးများရောင်းချမှု ရှိ/မရှိကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များပူးပေါင်း၍ မကွေး/ချောက်ခရိုင်အတွင်း (၇-၃-၂၀၂၃) ရက်နေ့တွင် ချောက်မြို့နယ်၌လည်းကောင်း၊ (၉-၃-၂၀၂၃) ရက်နေ့တွင် နတ်မောက်မြို့နယ်နှင့် မြို့သစ်မြို့နယ်တို့၌လည်းကောင်း၊ (၁၀-၃-၂၀၂၃) ရက်နေ့တွင် မကွေးမြို့၊ ရေနံချောင်းမြို့နှင့် တောင်တွင်းကြီးမြို့နယ်များ၌  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ(စစ်ဆေးရေးအရာရှိ)များက  ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်ရှင်များအား ဆိုင်တင်ရောင်းချသည့်ဆေးဝါးများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသောဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများမရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)