Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Mar 2023

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၄-၃-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ ဘိုကုန်ဓမ္မာရုံ၌ ပြည်သူလူထုအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

28 Mar 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၉-၃-၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ “နေလကွာစေ့”လုပ်ငန်းရှင်ဒေါ်ခင်ဝင်းအေးအားတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါဝင်နိုင်ရေး သွားရောက်အသိပညာပေးဆွေးနွေးခဲ့ပါသည်။

28 Mar 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် (၂၁-၃-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ လယ်ကိုင်းကျေးရွာ၌ “တိုင်းတောင်သူဖွံ့ဖြိုးရေး”အဖွဲ့က ဦးဆောင်ကျင်းပသည့် သီးနှံစုပေါင်းရောင်းချပွဲသို့ သွားရောက်ကွင်းဆင်း၍ လေ့လာဆွေးနွေးခဲ့ပါသည်။

28 Mar 2023

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ နှစ်စဉ်မိုးစပါးစိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးမှုများပြီး အရည်အသွေးလည်းကောင်းသဖြင့် ရွှေဘိုပေါ်ဆန်း(G.I)ရရှိရေးအတွက် ပြင်သစ်နိုင်ငံ AFD(France Development Agency)၏ ထောက်ပံ့ကူညီမှုဖြင့် Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒေသဆိုင်ရာအညွှန်းများကို အသိအမှတ်ပြုခြင်းနှင့် မြှင့်တင်ခြင်းစီမံကိန်း)ကို GRET Myanmarအဖွဲ့အစည

28 Mar 2023

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၌ (၁၇-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန်အတွက် ဌာနကပြဋ္ဌာန်းထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၏ အခန်း(၁)မှ စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆော

Pages