စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၉-၃-၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ “နေလကွာစေ့”လုပ်ငန်းရှင်ဒေါ်ခင်ဝင်းအေးအားတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါဝင်နိုင်ရေး သွားရောက်အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးရာတွင် ပွင့်ဖြူမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များ၊ စီမံခန့်ခွဲ့ရေးနည်းလမ်းအရ အရေးယူခြင်းနှင့်တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သောကုန်စည်မျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ(၂/၂၀၁၉)ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြလျောက်ထားနိုင်ပါကြောင်း၊ စားသုံးသူများအား ကုန်အညွှန်းအမှတ်အသားဖော်ပြပေးခြင်းဖြင့် မိမိတို့၏ကုန်စည်များအား အာမခံချက်အပြည်အဝပေးနိုင်မည်ဖြစ်ပါကြောင်း ယနေ့ခေတ်စားသုံးသူများသည် အသိပညာကြွယ်ဝလာပြီဖြစ်သဖြင့် ကုန်အညွှန်းအမှတ်အသားများကိုကြည့်ရှုပြီးမှ ဝယ်ယူစားသုံးခြင်းနှင့်သုံးစွဲနေတတ်ခြင်းတို့ကြောင့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာမဖြစ်မနေထည့်သွင်းဖော်ပြပေးမည်ဆိုလျှင် မိမိ၏ကုန်စည်များအား စားသုံးသူများယုံကြည်မှုရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိလာမည်ဖြစ်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(မကွေး)