မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ မြို့နယ်ဦးစီးမှူးသည် ကြီးနီစံပြကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ (၁၈-၃-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနက ကျင်းပသော ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများဟောပြောပွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်မှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများနှင့် အွန်လိုင်းဝန်ဆောင်မှုများတွင် လိမ်လည်မှုမခံရစေရေး သတိပြုရမည့်အချက်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ချောက်မြို့၊ မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမမဝင်းက ကလေးသူငယ်များ၏ အခွင့်အရေးနှင့်ဥပဒေအကြောင်းများအားလည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)