သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှ ဦးသန်းဇော်လင်း(လက်ထောက်ကြီးကြပ်ရေးမှူး)သည် ၂၀၂၃ခုနှစ်၊ မတ်လ(၁၃) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ခိုပဲဝကျေးရွာရှိ ဆီကြိတ်ခွဲရောင်းချသောလုပ်ငန်းရှင် ဉီးလှမျိုးထံသို့ သွားရောက်၍ ဆီကြိတ်ခွဲမှုအခြေအနေများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်၊ တမူးမြို့နယ်တာဝန်ခံ၊ ဦးစွမ်းရည်သည် ၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စော်ဘွား-၈ရပ်ကွက်ရှိ ဆီကြိတ်ခွဲရောင်းချသော လုပ်ငန်းရှင် ဒေါ်ခင်မျိုးနွယ်ထံသို့ သွားရောက်၍ ဆီကြိတ်ခွဲမှုအခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်၊ ဟုမ္မလင်းမြို့နယ်၌ ၂၀၂၃ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံ၊ ဒေါ်ခင်စန်းဝင်း (လက်ထောက်ကြီးကြပ်ရေးမှူး)က ကတ်သာကျေးရွာသို့ သွားရောက်၍ ပြည်သူ ( ၂၀ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ တမူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်၌ တမူးမြို့တာဝန်ခံ၊ ဦးစွမ်းရည်(ဦးစီးမှူး)က ကုန်တင်/ကုန်ချရုံးသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ ( ၇၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်၊ အငယ်တန်းစာရေး ဒေါ်အေးမြင့်မြတ်ထက် နှင့်မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့် တို့သည် ၂၀၂၃ခုနှစ် မတ်လ ၁၃ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။