Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 May 2023

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးစီးဌာနတို့မှ ဝန်ထမ်းများ နှင့်ပူးပေါင်း၍ (၁၅.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်၊ မြစန္ဒာဓာတ်မြေဩဆိုင်(၂)နှင့် ဦးဝါရဓာတ်မြေဩဆိုင်တို့အား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာအတုများကို ဈေးကွက

21 May 2023

စားသုံးသူရေးရာဦးစီးဌာန၊ လားရှိုးမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် (၁၀.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လားရှိုးမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

21 May 2023

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ ခုနှစ်၊ မေလ(၁၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မ (၄)ရပ်ကွက်၊ (၆)လမ်းရှိ    မကြီးမိုးကုန်မျိုးစုံဆိုင်သို့ ဈေးကွက်ရောက်ကုန်စည် များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များ  ပါဝင်မှု ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

21 May 2023

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့ပါပူးပေါင်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ မေလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ် အတွင်းရှိ စက်ဆီချောဆီအရောင်းဆိုင်များသို့    ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

21 May 2023

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် စီမံကိန်းဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးတို့ပါ ပူးပေါင်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ မေလ(၁၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ချောင်းတွင်းကျေးရွာရှိ စပါးခွံလောင်စာတောင့်ထုတ်လုပ်သည့်လုပ်ငန်းသို့ ကွင်းဆင်းခဲ့ကြပါသည်။

Pages