သတင်းနှင့် လှုပ်ရှားမှုများ
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၊ အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၃ခုနှစ်၊ မတ် လ(၁၅)ရက်နေ့၊ နံနက်(၀၉;၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ KCCI အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်သောက်ရေသန့်အသင်းဥက္ကဌ၊ ပြည်နယ်ပြောင်း အသင်းဥက္ကဌ၊ ပြည်နယ်စက်သုံးဆီအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့်ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်းအစီအစဉ်တွင် ဆုရရှိသူများ စုစုပေါင်း(၅၀)ဦး တ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၈-၃-၂၀၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မင်းပြားမြို့ မြို့မဈေးအတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်း ဆေးဝါးမှတ်ပုံတင်မဲ့ Parbisur
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၇.၃.၂၀၂၃ ရက်နေ့တွင် ဗန်းမော်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ မြို့တော်ခန်းမ၌ စားသုံးသူ ကာကွယ်ရေးအား အသိပညာပေးဟောပြောခဲ့ပါသည်။
(၁၅.၃.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများအား မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ကျင်းပခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပခုက္ကူခရိုင်ဦးစီးမှူး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ဂုဏ်ပြုသောအားဖြင့် (၁၅.၃.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။