သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် (၁၆.၃.၂၀၂၃)ရက်နေ့တွင် မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ စမ်းသီတာလမ်းရှိ ရွှေလင်းယုန်မုန့်တိုက်သို့ သွားရောက်၍ မုန့်လုပ်ငန်းရှင် ဒေါ်ချိုချိုဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ၁၇.၃.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ပြည်နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ၂၀-၃-၂၀၂၃ ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် အငယ်တန်းစာရေးရာထူးနေရာအတွက် ရေးဖြေစာမေးပွဲနှင့် လူတွေ့စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်းဂေါ်ဖီသည် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး သဲဆန်သောနှုန်းမြေအမျိုးအစားတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ ပန်းဂေါ်ဖီကို ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ဝါးတောအုပ်စု၊ ဝါးတောကျေးရွာတွင် စိုက်ပျိုးထားရှိပါသည်။ ပန်းဂေါ်ဖီကို စက်တင်ဘာလ နှင့်အောက်တိုဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးသည့်မျိုးမှာ ဘူးမန်း(၁၅၃)မျိုးကို စိုက်ပျိုးကြောင်းသိရှိရပါသည်။ ဝါးတောကျေးရွာအနေဖြင့် ပန်းဂေါ်ဖီကို (၄)ဧကခန့်စိုက်ပျိုးထားကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် ကုလားပဲစိုက်ပျိုးထားသဖြင့် တစ်ဧကကုန်ကျစရိတ်များ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် (၈-၃-၂၀၂၃) ရက်နေ့ နေ့လယ်(၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စိုက်ခင်းများဆီသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။