သတင်းနှင့် လှုပ်ရှားမှုများ
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည့်အတွက် သီးနှံစိုက်ပျိုးရာတွင် မြေဩဇာများကို ထည့်သွင်းအသုံးပြုကြပါသည်။ ယခု(၂၀၂၃)ခုနှစ်မှာတော့ ယခင်နှစ်များထက် မြေဩဇာဈေးနှုန်းများကြီးမြင့်နေသည့်အတွက် တောင်သူများအနေဖြင့် ဝယ်ယူသုံးစွဲနိုင်ခြင်းများရှိသလို အချို့မှာ ယခင်နှစ်များထက်သုံးစွဲနိုင်မှုမရှိကြောင်း သိရှိရပါသည်။ တောင်သူများအနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ချနိုင်ရေးအတွက် သဘာဝမြေဩဇာများ အသုံးပြုခြင်းသည် တောင်သူများအတွက် အကျိုးရှိပြီး စားသုံးသူများအတွ
(၁၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ မအူပင်ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မအူပင်ဆီလုပ်ငန်းရှင်များအား ဖိတ်ကြားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။
(၁၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၀:၃၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရှေးဦးသူနာပြုသင်တန်းသူ (၁၈) ဦးအား စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
(၁၆-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ် ငရုတ်စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးဌေးဝင်း (“ခင်ငရုတ်” ရောင်းဝယ်ရေးလုပ်ငန်း)နှင့် မြန်မာပြာသာကျေးရွာအုပ်စုမှ သောင်တန်းကျေးရွာပိုင်ရှင်တို့အားတွေ့ဆုံ၍ ဆွေးနွေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများသည် (၁၆.၃.၂၀၂၃) ရက်နေ့ နေ့လယ်ပိုင်းက ဖြူးမြို့ပေါ်ရှိ ဆေးဆိုင်များသို့ သွားရောက်၍ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေမည့် တရားမဝင်ဆေးဝါးများ ရောင်းချမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။