သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ တမူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်၌ တမူးမြို့တာဝန်ခံ၊ ဦးစွမ်းရည်(ဦးစီးမှူး)က ကုန်တင်/ကုန်ချရုံးသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ ( ၇၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်၊ အငယ်တန်းစာရေး ဒေါ်အေးမြင့်မြတ်ထက် နှင့်မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့် တို့သည် ၂၀၂၃ခုနှစ် မတ်လ ၁၃ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းနှင့်ဝန်ထမ်းများသည် (၁၇-၃-၂၀၂၃)ရက်နေ့ နေ့လည်(၁:၀၀)နာရီ မှ (၂:၃၀)နာရီထိ စစ်တွေခရိုင်၊ မီးသတ်ဦးစီးမှူးရုံး၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲအား ကျင်းပပြု လုပ်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မတ်လ(၁၄)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီ အချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍ သုံးစွဲသူများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ အိမ်သုံးလျှပ်စစ် ကုန် ပစ္စည်းများကို ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် ၂၀၂၃ ခုနှစ် (၁၅.၃.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဒုဥက္ကဋ္ဌ သယံဇာတဝန်ကြီး ဦးအုန်းမြင့် နှင့် စားသုံးသူရေးကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးဦးစိုးအောင် ၊ဒုတိယတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ ဒုတိယတိုင်