သတင်းနှင့် လှုပ်ရှားမှုများ
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ မတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် (၄)ရပ်ကွက်၊ (၈)လမ်းရှိ Top One စတိုးဆိုင်သို့ ကွင်းဆင်းစိစစ်ခဲ့ပါသည်။
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၃.၂၀၂၃)ရက်နေ့၊နံနက် (၁၁:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(ဦးစီးမှူး)သည် (၁၃-၃-၂၀၂၃) ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မကွေးမြို့၊ အမှတ်(၇၀)(၂)လမ်း၊ ရန်ကင်းရပ်မှထုတ်လုပ်သော "Paradise Family"အမှတ်တံဆိပ် မုန့်လုပ်ငန်းရှင် ဦးမျိုးဇော်ထွန်းအား မကွေးခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် တားမြစ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်သည် မြို့နယ်ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ခိုင်မာတိုးတက်စေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)အား စားသုံးသူပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ (၁၀.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကွင်းပေါက်ကျေးရွာရှိ ပြည်သူ (၂၀)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။
ပုသိမ်မြို့နယ်၊ ရွှေပြည်သာဈေးအတွင်း၌ ရောင်းချနေသော ဟင်းရွက်ဆီဘူးများအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီး စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၁၃.၃.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဈေးအတွင်းရှိဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။