သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း၍ ကော့သောင်းမြို့ပေါ်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်(၃)ဆိုင်အား စျေးကွက်အတွင်းရောင်းချလျက်ရှိသည့် “မြင်းပျံ” တံဆိပ် ဓာတ်မြေသြဇာအိတ်များထဲတွင် အခြားဓာတ်မြေသြဇာများရောနှောထည့်သွင်း၍ စျေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိကို သွားရောက်စစ်ဆေးခြင်း၊ အရောင်းဆိုင်များအား စိုက်ပျိုးရေးသုံးပစ္စည်းများကို စားသုံး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်းရှိ အလှကုန်ဆိုင် ( ၃ ) ဆိုင်အား ၁၃-၃-၂၀၂၃ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးမှဦးဆောင်၍ ဝန်ထမ်း ( ၃ )ဦးတို့သည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင် သည် (၁၄.၃.၂၀၂၃)ရက်နေ့နံနက်(၁၁:၀၀)နာရီ အိမ်မဲမြို့ လယ်ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ တွင် ရောင်းချနေသော မုန်မျိုးစုံများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဝန်တော်အိမ်ရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်နှင့် အမှတ်(၁၀)ရပ်ကွက်၊ သူဇာရပ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တို့အား စားသုံးသူရေးရာဦးစီးဌာန
စားသုံးသူရေးရာဦးစီးဌာန၊ ကသာ(ကောလင်း)ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် Towards Ultimate Company မှ တရားဝင်တင်သွင်းလျက်ရှိသော Pabrinex injection ဆေး အမည်အား အတုအပပြုလုပ်၍ ဆင်တူယိုးမှားအမည်ဖြင့် တရားမဝင်၊ ထောက်ခံချက် မပါရှိသော Parbisure အမည်ဖြင့် ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချမှုများရှိနေသည့်အတွက် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့တွင် ကသာမြို့ရှိ ဆေးဆိုင်များ၌ အ