Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Mar 2023

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့၊ နံနက် (၀၉:၄၅)နာရီတွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ယောနသန်”သောက်ရေသန့်လုပ်ငန်းရှင်အား တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ သိရှိလိုက်နာစေရေးတို့အား ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

17 Mar 2023

          ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် ၂၀၂၃ ခုနှစ် မတ်လ(၁၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စားသုံးသူရေးရာကော်မတီဒုဥက္ကဋ္ဌ သယံဇာတဝန်ကြီး ဦးအုန်းမြင့် နှင့် စားသုံးသူရေးကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်  တိုင်းအဆင့်ဌာနဆိုင်ရာ များ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးဦးစိုးအောင် ၊ဒုတိယတိုင်းဦးစီးမှူး ဦးထွန်းထွန်း၊ ဒုတိယတိ

17 Mar 2023

          ကရင်ပြည်နယ်၊ ဘားအံမြို့တွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”ကို ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ကြီးမှူး၍ ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီမှ ဦးဆောင်ကျင်းပ၍ ၂၀၂၃ခုနှစ်၊ မတ်လ ၁၅ ရက်၊ နံနက် (၀၉:၀၀) အချိန်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

17 Mar 2023

      မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ပေါ်ရှိ ဆေးဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁၃.၃.၂၀၂၃)ရက်နေ့၊ နံနက်(၉:၃၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

17 Mar 2023

ဘားအံ မတ်လ ၁၄

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်၊ ဌာနခွဲတာဝန်ခံများသည် ၁၄-၃-၂၀၂၃ ရက်နေ့ ၁၃၀၀ နာရီအချိန်တွင် ဘားအံမြို့အမှတ် ၄ ရပ်ကွက် ၊ ကမ်နားလမ်းရှိ စူပါတော့ ပေါင်မုန့်၊ ကိတ်မုန့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Pages