သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ပိုစတာစိုက်ထူခြင်းနှင့်စတေကာ (Sticker)ဖြန့်ဝေခြင်း (ကမ်ပိန်း)ကို ၁၅-၃-၂၀၂၃ ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ဘားအံမြို့ မြို့မဈေး၊ ကမ်းနားလမ်းနှင့် သံလွင်တံတားတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား လှုပ်ရှားမှုများအဖြစ် မတ်လ(၁၃)ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်မှစ၍ နောင်ယား(က) ရပ်ကွက်၊ လေယာဉ်ကွင်းမျက်နှာစာရှေ့ လမ်းလက်ယာဘက်ခြမ်းတွင် (၁၇ပေ ၇ပေ) ဗီနိုင်း ဆိုင်းဘုတ် စိုက်ထူခြင်း၊ (၂ပေ ၁ပေခွဲ )ဗီနိုင်းများအား သီရိမင်္ဂလာဈေးတွင် ကပ်နှံခြင်း၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် ၁၃.၃.၂၀၂၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ လက်လီရောင်းချသော ကုန်စုံဆိုင်၊ စတိုးဆိုင်များသို့သွားရောက်၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဖျာပုံမြို့နယ်၏ အသေးစား၊ အလတ်စား ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးစေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်စစ်ဆေးရေးမှူးတို့သည် မတ်လ(၈)ရက်နေ့တွင် ဖျာပုံမြို့အောက်ကွင်းကျေးရွာရှိ ရွှေကောင်းစံဆီစက်သို့ သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၉-၃-၂၀၂၃)ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီက မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။