သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ်၊ မတ်လ (၁၀)ရက်နေ့ နံနက်ပိုင်း (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော "Parbisure"အမှတ်တံဆိပ် ဆေးနှင့်ဆေးဝါးပစ္စည်း အတုအပများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးဦးကျော်မိုးလွင်သည် ၁၃.၃.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ မာတာမြင့်မိုရ် လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင် (ဦးစီးမှူး)နှင့်အဖွဲ့သည် (၈.၃.၂၀၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ စလင်းမြို့ပေါင်းနားရပ်ကွက်ရှိ ဟော်နန်းအမှတ်တံဆိပ် ပဲပူးကြော်လုပ်ငန်းရှင်အားတွေ့ဆုံခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်း ဖော်ပြစေရေးအတွက် အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၀.၃.၂၀၂၃ ရက်နေ့တွင် ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ရောဘတ်စစ်ရှောင်စခန်း ခန်းမဆောင်၌ ကျင်းပပြုလုပ်သော အခြခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှ ၇ ရက်အထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့သည့် “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference 2022)”တွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေး ဖော်ထုတ်မှုများအနက်မှ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ဆန်စပါးဥပဒေတစ်ရပ် ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊