သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ခရိုင်ဦးစီးမှူးရုံး၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၉.၃.၂၀၂၃)ရက်နေ့ ၊နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အခမ်းအနားကို (၁၅-၃-၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး၊ ဦးယဉ်ထွေးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်“စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် ပြည်သူ့ကျန်းမာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၃.၃.၂၀၂၃)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီက မော်ကျွန်းမြို့နယ် မြို့ပေါ်ရှိ မြို့မဈေးနှင့် အောင်သာယာဈေးရှိ ဆေးဆိုင်(၈)ဆိုင်အား တရားမဝင်တင်သွင်းရောင်းချနေသော Parbisure Injection ဆေးများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် ပြည်သူ့ကျန်းမာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၀.၃.၂၀၂၃)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီက ဝါးခယ်မမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်တင်သွင်းရောင်းချနေသော Parbisure Injection ဆေးများရောင်းချခြင်းရှိ/မရှိ ကွင်း ဆင်း စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးသည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကော်မတီအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၀.၃.၂၀၂၃)ရက်နေ့ နေ့လည်(၁၃:၃၀)နာရီတွင် မြောင်းမြမြို့ပေါ်ရှိ ဆေးဆိုင်များ၌ တရားမဝင်တင်သွင်းရောင်းချနေသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိနှင့် ရောင်းချခွင့်လိုင်စင် ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။