သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ၆-၃-၂၀၂၃ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မွန်လုပ်ငန်းရှင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၃ခုနှစ် မတ်လ ၃ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေးအသိပညာပေး” (Talk Show) ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်သိန်းဦး(ရုံးအုပ်)သည် 9.3.2023 ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ မြေနုကျေးရွာမှ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည် (၆.၃.၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်(၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူးသည် ၂၀၂၃ ခုနှစ် မတ်လ(၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မျှင်ဝါးတောင် ကျေးရွာအုပ်စုရှိ ဝင်္ဂဘာဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူ(၅၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။