Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
14 Mar 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ ဒုခရိုင် ဦးစီးမှူးသည် (၃.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  မြန်အောင်မြို့ အ.ထ.က(၂)ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအား အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

14 Mar 2023

     မြန်မာနိုင်ငံသည် သယံဇာတပစ္စည်းပေါများကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ အဖိုးတန်ရတနာများမှာ ဆန်စပါး၊ ကျွန်းသစ်၊‌ တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုများဖြစ်သော ရွှေ၊ ငွေ၊ ခဲ၊ ကြေးနီ၊ သံဖြူ၊ သွပ်၊ ခနောက်စိမ်း၊ ကျောက်မီးသွေး၊ ပယင်း၊ ကျောက်စိမ်း၊ ကျောက်မျက် ရတနာများ၊ ရေနံနှင့် ‌ မုတ်ကောင်မှရရှိပြီး ရေထွက်ပစ္စည်းဖြစ်သည့် ပုလဲတို့ဖြစ်ပါသည်။

14 Mar 2023

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၈-၃-၂၀၂၃)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များနှင့်အိမ်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

14 Mar 2023

    ပဲပုပ်သည် ကျန်းမာရေးနှင့်စီးပွားရေးရှု‌ထောင့်အရ တန်ဖိုးရှိ၍ အရေးပါသည့် ပဲမျိုးစုံသီးနှံတစ်ခု ဖြစ်ပါသည်။ အသားဓါတ်ခေါ် ပရိုတိန်း(၄၀-၄၅)ရာခိုင်နှုန်းနှင့် ဟင်းသီးဟင်းရွက်ဆီ (၁၉-၂၀)ရာခိုင် နှုန်းပါဝင်ပါသည်။ ပဲပုပ်ဆီသည် ကမ္ဘာ့ထိပ်တန်းနေရာတွင်ရှိသည့် ဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ် ပါသည်။ ပဲပုပ်သည် ရှေးအကျဆုံး စားသုံးသီးနှံဖြစ်ပြီး ယနေ့ခေတ်တွင် အသုံးအဝင်ဆုံးသီးနှံအဖြစ် အောင်မြင်မှုရလျက်ရှိပါသည်။

14 Mar 2023

     (၈.၃.၂၀၂၃)ရက်နေ့၊ (၁၀:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ မြို့မဈေးသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးအတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။

Pages