သတင်းနှင့် လှုပ်ရှားမှုများ
(၈.၃.၂၀၂၃)ရက်နေ့၊ (၀၉:၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ OK မုန့်မျိုးစုံဆိုင် သို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ကုန်အညွှန်းအမှတ်အသားပြည်စုံခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။
(၈.၃.၂၀၂၃)ရက်နေ့၊ (၀၉:၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ အောင်ရတနာဈေး၊ မြို့မဈေးသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးအတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ကန့်ဘလူခရိုင်ဦးစီးမှူး၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်နှင့် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းတို့သည် ကန့်ဘလူမြို့နယ် ပေကုန်း(တ) ကျေးရွာရှိ “တိုးတက်ညီနောင်”
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ဦးတင်မောင်ဝင်းသည် စီးပွားရေးရာဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာနတိုင်းဦးစီးမှူး ၊ စိုက်ပျိုးရေးတိုင်းဦးစီးမှူးတို့နှင့်အတူ (၈-၃-၂၀၂၃)ရက်နေ့ ၊ညနေ (၁၇:၀၀)နာရီအချိန်တွင် ပုသိမ်မြို့ ၊ ငွေကျားဆီစက်သို့ သွားရောက်၍ နေကြာဆီထုတ်လုပ်နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ မတ်လ(၇)ရက်နေ့၊ နံနက် (၀၉း၀၀)အချိန်တွင် မိတ္ထီလာမြို့ ၊အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် သီးနှံအခြေခံစားသောက်ကုန်သင်တန်းတွင် သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား /သူများစုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့ပါသည်။