သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(ဦးစီးမှူး)သည် (၁.၃.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မကွေးမြို့၊ မြို့မစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့နှင့်အတူ စားသုံးရန်/သုံးစွဲရန်မသင့်သောအစားအသောက်၊ လူသုံးကုန် ပစ္စည်းမျာ
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး (၂) ဦးသည် ၆-၃-၂၀၂၃ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဗန်းမော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသောဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး (ဌာနခွဲစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁.၃.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန(Community Center)၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၆-၃-၂၀၂၃ ရက်နေ့၊ ၉:၀၀ နာရီအချိန်တွင် လွယ်ဂျယ်မြို့၊ ကုန်သွယ်ရေးစခန်းရှိ အစည်းအဝေးခန်းမ၌ ဆန်၊ ပဲ၊ ပြောင်းနှင့် နှမ်းလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လေ့လာသိရှိရသော စာရင်းများအရနေကြာသီးသန့်စိုက်ဧက (၅၄၃၂) ဧကနှင့် သီးညှပ်စိုက်ဧက (၁၄၉၉၀)ဧက၊ စုစုပေါင်း စိုက်ဧက (၂၀၄၁၃) ဧကရှိပါသည်။ နေကြာစိုက်တောင်သူများအနေဖြင့် အစုအဖွဲဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စည်းရုံး ဆောင်ရွက်လျက်ရှိပါသည်။