သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာခရိုင်၊ စက်ကြီးဆည်မြောင်း၊(၁၄)လမ်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာမြို့၌ “တောင်ဇလပ်” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတို့တွင် ထုတ်လုပ်ရောင်း ချနေသောလုပ်ငန်းရှင်သည် ၎င်းတို့၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်း အမှတ်အသားများတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၃ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦး
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၇-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မစျေးကော်မတီဥက္ကဋ္ဌတို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်မပါရှိဘဲ Parbisure ဆေးရောင်းချနေမှုရှိ/မရှိနှင့် သက်တမ်းလွန်ပြီး စားသုံးရန်မသင့်သော အစားအသောက်နှင
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၇-၃-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ပယ်ရပ်ကွက်(၂၃)လမ်းတွင် ထုတ်လုပ်သော “ရွှေပန်းသီး”အမှတ်တံဆိပ်မုန့်လုပ်ငန်းရှင် ဦးဘိုလင်းအား မကွေးခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ပါသည
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှရရှိသော စိုက်ပျိုးရေဖြင့် ၂၀၂၃ခုနှစ် နွေစပါးကို စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၌ ၂၀၂၃ခုနှစ်၊ မတ်လ(၆)ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင် အဆိုပါကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၃၂၀)ဦးတက်ရောက်ခဲ့ပါသည်။