Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Mar 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၌ ၂၀၂၃ခုနှစ်၊ မတ်လ(၆)ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင် အဆိုပါကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၃၂၀)ဦးတက်ရောက်ခဲ့ပါသည်။

13 Mar 2023

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၈.၃.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ ဦးနေလင်း လက်လီလက်ကားဖြန့်ဖြူးရောင်းချသောကုန်စုံဆိုင်သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

10 Mar 2023

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  ကချင်ပြည်နယ် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

10 Mar 2023

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ရပ်ရပ်ဖြစ်သည့် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ရခိုင်ပြည်နယ်ရှိ  လက်ရှိဆီစက်လုပ်ငန်းရှင်များနှင့် ဆီစက်အသစ်တိုးချဲ့တည်ဆောက်တပ်ဆင်လိုသည့် လုပ်ငန်းရှင် (၃၅) ဦးအနက် စစ်တွေမြို့နယ်နှင့် ကျောက်တော်မြို့နယ်များရှိ ဆီစက်စီးပွားရေးလုပ်ငန်းရှင် (၁၉) ဦး၏ နိုင်ငံတော်မှ ဆီစက်ချေးငွေအဆိုပြုလွှာတင်ပြထားခြင်းအပေါ် ပ

10 Mar 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၂၀၂၃ ခုနှစ် မတ်လ(၆)ရက်နေ့ နေ့လယ် (၀၂:၃၀)နာရီအချိန်တွင် လိပ်ခုံးကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages