သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာဒိုင်များ၊ ဓါတ်မြေဩဇာနှင့်အက်စစ်အရောင်းဆိုင်များ၏ဈေးကွက် သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်သော မွန်ပြည်နယ် ရော်ဘာဈေးကွက် စစ်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက်(၁၀)နာရီတွင် Golden River Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အစည်းအဝေး (၁/၂၀၂၃) ကို (၁.၃.၂၀၂၃) ရက်နေ့တွင် ရုံးချုပ်၌ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌနှင့်အတူ Zoom Application ဖြင့် တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များပါ တက်ရောက်ခဲ့ပါသည်။
၃.၃.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင် မုန့်လုပ်ငန်းရှင်အသင်းအား ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ ဆန်စပါးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ၆.၃.၂၀၂၃ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၆-၃-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ အာလံဗိုလ်ကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။