သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို လစဉ် စီမံချက်များပြည့်မီအောင် ဆောင်ရွက်လျက်ရှိရာ (၂၇-၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၅) ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၇-၂-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ မင်းရပ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်အား ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးကဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာန
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှ ၇ ရက်အထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့သည့် “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference 2022)”တွင် မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးဖော်ထုတ်မှုများအနက်မှ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ဆန်စပါးဥပဒေတစ်ရပ် ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ဧရာဝတီတုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်း (၃၅)သင်း၊ ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (၆)သင်း၊ ကုန်စည်ဒိုင် (၅)ခုမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း(၄၆)ဦး တက်ရောက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှုးရုံးမှ လွိုင်ကော်ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများသည် ဈေးကွက်အတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်ရှိ ထေးသမမြေပဲဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အားတွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။