သတင်းနှင့် လှုပ်ရှားမှုများ
၁၆-၂-၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် အ-ထ-က(ဆင်ဖြူရပ်)ကျောင်း၌ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုး ဆောင်ရွက်ခဲ့ပါသည်။
၂၃-၂-၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျိုက်ထိုမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချနေသော ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
၂၁-၂-၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် ဘဲရမ်း၊ ကွမ်တာ၊ မြို့မ (၁)၊ မြို့မ (၂)၊ မြို့မ (၃)၊ မြို့မ (၄)၊ ကော့ခပုံ၊ ကင်းချောင်းကျေးရွာများရှိ ဆန်၊ စပါးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
၂၀-၂-၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ဆန်စက်လုပ်ငန်းရှင်များနှင့် ရေသန့်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်က မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။