သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ အရာထမ်း ၊ အမှုထမ်း ဝန်ထမ်း (၁၂၂) ဦးအား ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားအား (၂၈.၁၂.၂၀၂၂) နေ့ ၊ နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူအကျိုးစီးပွားကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ (၂၈.၂.၂၀၂၃)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ကျင်းပခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၄-၂-၂၀၂၃ ရက်နေ့၊ နံနက် (၁၁:၃ဝ) နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေး၌ စားသုံးသူကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောကျင်းပခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၇-၂-၂၀၂၃ ရက်နေ့၊နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ဒေါပုံမြို့နယ်၊ ရတနာဈေး၌ စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိ သည့် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောရှင်းလင်း ပြောကြားခဲ့ရာတက်ရောက်သူ (၂၀) ဦးတက်ရောက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၈-၂-၂၀၂၃ရက်နေ့၊ နံနက် (၁၁:၁၅) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ရေနံ့သာဈေး၌ ဈေးသူ/ ဈေးသားများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ပါသည်။