သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC)ခန်းမ၌ (၂၈.၂.၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် တပေါင်းပွဲတော်အား မတ်လ (၂)ရက်နေ့မှ (၆)ရက်နေ့အထိ တပေါင်းပွဲကွင်းတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ တပေါင်းပွဲဈေးအတွင်း ရောင်းချနေသော စားသောက်ဆိုင်နှင့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ တိုင်းရင်းဆေး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပွဲတော်ဖြစ်မြောက်ရေးကော်မ
စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးဦးမျိုးဝင်းနိုင်ပါ ဝန်ထမ်းများသည် (၅-၃-၂၀၂၃) ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်ဘားအံမြို့၊ မြို့မဘောလုံးကွင်းတွင် ကျင်းပသော ရွှေယာဉ်မျှော်ဘုရားပွဲတော် (စတုဒီသာ)တွင် ကျွေးမွေးတည်ခင်းဧည့်ခံသော မုန့်ပဲသရေစာ များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်းကြားရေးမှူး) သည် (၁.၃.၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် မကွေးမြို့၊ ရန်အောင်ရပ်ကွက်(၁၀)လမ်းမှ မကွေး-ရေညှိထမင်းလိပ်လုပ်ငန်းရှင် ဦးအောင်အောင်ဦးအား မကွေးခရိုင်ဦးစီးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့်စီးပွားရေးလုပ်ငန်းရှင်တာဝန်များ တားမြစ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” မျှော်မှန်းချက်နှင့်အညီ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(ဦးစီးမှူး)သည် (၁.၃.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မကွေးမြို့၊ မြို့မစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့နှင့်အတူ စားသုံးရန်/သုံးစွဲရန်မသင့်သောအစားအသောက်၊ လူသုံးကုန် ပစ္စည်းမျာ