Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Apr 2023

          စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် အသိပညာပေးဟောပြော ပွဲများ ဆောင်ရွက်လျက်ရှိရာ “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆန်စက်လုပ်ငန်းရှင် များအား ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

07 Apr 2023

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် (၃.၄.၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီ အချိန်တွင်  ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များ နှင့် စက်ရုံအတွင်းရှိ အလုပ် သမားများအား ကျွန်းလှမြို့ပေါ်ရှိ ပေါ်ဦး သောက်ရေသန့်စက်ရုံ သို့ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ဒုတိယ ဦးစီးမှူး ဦ

07 Apr 2023

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့ နယ်တာဝန်ခံရုံး အနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ် ဧပြီလ(၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ CHERRY MART ကုန်စုံဆိုင်အား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယ ဦးစီးမှူး ဦးအောင်မျိုးသန့်၊ မြို့နယ်စည

07 Apr 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၆.၄.၂၀၂၃) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်ရှိ လက်လီ၊လက်ကား ဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

07 Apr 2023

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဧပြီလ(၃) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးဆိုင်သို့ သွားရောက်၍ သုံးစွဲသူ များဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် Parbisure (အကြောအားဆေး)အား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Pages