Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
01 Mar 2023

         ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၇ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းရှိ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား (MSMEs)စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မကွေးမြို့၊ ကန်ပြားကျေးရွာရှိ Royal Palace Hotel ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

01 Mar 2023

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ (၁၀.၂.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် စီးပွားရေးနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်ပြည်သူများအား ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရှိပါသည်။ အဆိုပါ အစည်းအဝေးသည် သိန္နီမြို့နယ်အတွင်းရှိ ယခင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသော ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများတွင် နွေစပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုတ်၊ ဒေသရှမ်းကြက်သွန်ဖြူ

01 Mar 2023

  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အမှတ်(၃) ရပ်ကွက်အတွင်းရှိ Popular အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေး စက်ရုံအား ထုတ်ကုန် များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရေးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

01 Mar 2023

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မား၍ အသိပညာဗဟုသုတကြွယ်ဝစေရန်နှင့် ဌာန၏ လုပ်ငန်းများ လုပ်ကိုင်ရာတွင် ကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ နှစ်ပတ်လျှင် ( ၁ )ကြိမ် Thurday Talk အခမ်းအနား ပြုလုပ်၍ အသိပညာဗဟုသုများဆွေးနွေးခြင်းကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိပါသည်။

01 Mar 2023

    ( ၂၁-၂-၂၀၂၃ ) ရက်နေ့တွင် ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့၊ အမှတ်( ၂ )ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဦးဆောင်၍ စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages