သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူး၊ ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် ရေလဲကလေးရွာရှိ သီရိရတနာဈေးမှကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၉)ဦးအား (၂၀.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေလဲကလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်အောင်သည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့နယ်တာဝန်ခံဦးကျော်နိုင်ဝင်းသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ရွာသစ်ရပ်ကွက်ရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် လူမှုဝန်ထမ်းဦးစီးဌာန့နှင့်ပူးပေါင်း၍ (၂၃.၂.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီက ဝါးခယ်မမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့ပေါ်ရှိ သင်ဖျာလုပ်ငန်းရှင်(၃)ဦးအား (၂၂.၂.၂၀၂၃) နေ့ နံနက် (၁၀:၀၀)နာရီတွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ကြပါသည်။