Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Apr 2023

   စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ (၃-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်ရှိ မိဘမဲ့ရေရှင်းဘုန်းတော်ကြီးစာသင်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

06 Apr 2023

    (၄-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ထားဝယ်မြို့၊ မြို့မစျေးကြီး၊ စျေးခေါင်းရုံးခန်းမတွင် စျေးသူ/စျေးသားများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

05 Apr 2023

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးသည် လားရှိုးမြို့တွင် (၂၁-၃-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းစုစုပေါင်း (၃၅) ဦးတက်ရောက်ခဲ့ပါသည်။

05 Apr 2023

    ကရင်ပြည်နယ်၊ ဘားအံမြို့၊ စက်မှုဇုံတွင်တည်ဆောက်ထားသည့် စမ်းပွင့်သံလွင်ကုမ္ပဏီ၏ စမ်းပွင့်ဆီစက်အား (၁-၄-၂၀၂၃) ရက်နေ့တွင် စတင်စမ်းသပ်လည်ပတ်ခဲ့ရာ တစ်ရက်လျှင် ဆီပိဿာချိန် ၃၀၀ခန့်ထွက်ရှိနိုင်ကြောင်းသိရပါသည်။

05 Apr 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနကပြုစုရေးဆွဲထားသည့် ဆန်စပါးဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ New World ခန်းမ၌ (၁-၄-၂၀၂၃) ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့်တကွ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရခိုင်ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရခိုင်ကုန်သည်စက်မှုအသင်း၊ ဆန်စက်လုပ်ငန်းရှင်များ

Pages