သတင်းနှင့် လှုပ်ရှားမှုများ
ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် စိမ်းစိုသောပတ်ဝန်းကျင်များ ဖော်ထုတ်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသောဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး၊ လုံခြုံရေးနှင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်တို့ အသုံးပြု၍ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလှုပ်ရှားမှုများတွင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းထားကြောင်းသိရသည်။ ဟိုတယ်အဆင့်အတန်းကို ဟိုတယ် အခန်းဖွဲ့စည်းမှု၊ အသုံးအဆောင်ပစ္စည်းများအရည်အသွေး၊ ဟိုတယ် ဝန်ထမ်းများ၏ အရည်အသွေး ဝန်ဆောင်မှုစံချိန်စံညွှန်းများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၂၀.၂.၂၀၂၃) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် (၅) ဆိုင်ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်းမြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန် သည် ( ၂၂.၂.၂၀၂၃ ) ရက်နေ့တွင် ဖောင်းပြင်မြို၊ အင်ကြင်းမြိုင်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်ဈေးဆိုင်များသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဒု-ခရိုင် ဦးစီးမှူးသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာ၊ ပုသိမ်-မုံရွာကားလမ်းမစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ အဖွဲ့မှူးဦးဆောင်သော ပူးပေါင်းအဖွဲ့က (၂၂.၂.၂၀၂၃)ရက်နေ့နံနက် (၀၉:၃၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။